ကျွန်းလှမြို့နယ်၌ ဒုတိယအကြိမ် မဲစာရင်း ကပ်ထားကြေညာထားမှု တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ကျွန်းလှ နိုဝင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲစာရင်း ကပ်ထားကြေညာထားမှုကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ မဲစာရင်းကပ်ထား ကြေညာထားမှုကို ကန့်ဘလူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကိုကိုလှိုင်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ မဲစာရင်းများ ကပ်ထားကြေညာခြင်းကို ကျွန်းလှမြို့ပေါ် ၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၈) အုပ်စုရှိ သတ်မှတ်နေရာများတွင် နိုဝင်ဘာလ ၂၁ ရက်မှ ဒီဇင်ဘာလ ၄ ရက်နေ့အထိ ၁၄ ရက်ကြာ ကပ်ထားကြေညာမည်ဖြစ်ကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ