စစ်ကိုင်း နိုဝင်ဘာ ၂၂
စစ်ကိုင်းမြို့၌ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် နိုဝင်ဘာ ၂၁ ရက်နေ့မှစတင်၍ ဒုတိယအကြိမ် ကြေညာထားကြောင်း သိရသည်။
စစ်ကိုင်းမြို့နယ်တွင် ရပ်ကွက် ၂၃ ရပ်ကွက်၊ ကျေးရွာအုပ်စု ၆ အုပ်စု၊ မဲရုံပေါင်း (၅၂)ရုံရှိပြီး ဒုတိယအကြိမ်ကပ်ထားကြေညာသည့် မဲဆန္ဒရှင်ဦးရေပေါင်း (၈၄၈၇၅) ဦးရှိကြောင်းနှင့် မဲစာရင်းများကို ဒီဇင်ဘာလ ၄ ရက်နေ့ထိ ကြေညာထားမှာဖြစ်ပြီး မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မိမိအမည်မဲစာရင်းတွင် မပါဝင်ပါက ပုံစံ(၃)၊ ကန့်ကွက်လိုပါက ပုံစံ(၄)၊ အချက် အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ) တို့ဖြင့် သက်ဆိုင်ရာရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် ပုံစံအခမဲ့ရယူလျောက်ထားနိုင်ကြောင်း သိရသည်။
အေးငြိမ်းစံ