မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲနှင့် ဆောင်းသီနှံဆီထွက်(နေကြာနှင့်ပဲပုပ်) မျိုးစေ့ပေးအပ်ပွဲအခမ်း အနားကျင်းပ

မော်လမြိုင်ကျွန်း နိုဝင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီအတွင်း မိုးစပါး(၂၅၂၁၂၀) စိုက်ပျိုးထားရှိရာ ယနေ့ နံနက်ပိုင်းက မရဲ့အုန်းပင်စုကျေးရွာအုပ်စု၊ မရဲ့အုန်းပင်စုကျေးရွာ၊ တောင်သူ ဦးတင်အောင်သန်း၏ ကွင်းအမှတ်(၁၁၈၅-ခ)၊ ဦးပိုင်အမှတ် (၁၆/၁) လယ်မြေ၌ မိုးစပါးစံကွက် ရိတ်သိမ်းပွဲကို ကျင်းပပြုလုပ်သည်။

အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းစိုးနှင့်ဝန်ထမ်းများ၊ မြို့နယ်မြေစာရင်းဦးစီးဌာန ဦးစီးမှူး ဦးဇော်ဝင်းလှိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကော်မတီဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တောင်သူများ တက်ရောက်ကြပြီး အောင်နိုင်တိုး စပါးမျိုးကွဲကို ကောင်း၊ သင့်၊ ညံ့ ကိုယ်စားပြု စံကွက်သုံးမျိုး ရိတ်သိမ်းခဲ့ရာ တစ်ဧက ပျမ်းမျှ အထွက်နှုန်း (၁၁၀)တင်း ထွက်ရှိခဲ့ကြောင်းသိရသည်။ ဆက်လက်၍ ၂၀၂၅-၂၀၂၆ ခုနှစ် နိုင်ငံ့စီပွားမြှင့်တင်ရေးရန်ပုံငွေနှင့် အကျုံးမဝင်သည့် ဓာတ်မြေဩဇာပေးအပ်ပွဲနှင့် ဆောင်းသီးနှံ ဆီထွက်(နေကြာနှင့်ပဲပုပ်) မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို မော်လမြိုင်ကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမ၌ ကျင်းပသည်။

ထို့နောက်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာကြသော တောင်သူများထံသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့က ဆောင်းသီနှံဆီထွက်(နေကြာနှင့်ပဲပုပ်)မျိုးစေ့များပေးအပ်ခဲ့ပြီးနောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် အကျုံးမဝင်သည့် ဓာတ်မြေဩဇာများကို ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်နိုင်တို့က ပေးအပ်ခဲ့ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)