မြန်အောင် နိုဝင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် မြန်အောင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ၊အုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ နိုဝင်ဘာ ၁၇ ရက်မှစ၍ တက္ကသိုလ်ကျောင်းသား/ကျောင်းသူများ ကြိုတင်ဆန္ဒမဲများပေးလျက်ရှိရာ ယမန်နေ့အထိ (၃၃၆) ဦး ကြိုတင်ဆန္ဒမဲပေးပြီးကြောင်းသိရသည်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကော်မရှင်အဖွဲ့ဝင်များက အများ ပြည်သူနှင့်နိုင်ငံရေးပါတီများ၏ရှေ့တွင် မဲပုံးများအားပြသပေးခြင်းနှင့်လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်ခြင်း၊ တက္ကသိုလ်ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားတို့ဖြင့် တိုက်ဆိုင်စစ်ဆေးကာ ကြိုတင်ဆန္ဒမဲလက်မှတ်များထုတ်ပေးခြင်းတို့အား ဆောင်ရွက်ပေးလျက်ရှိရာ တက္ကသိုလ်ကျောင်းသား/ကျောင်းသူများက ကြိုတင်ဆန္ဒမဲများပေးခဲ့ကြောင်းသိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)