ဧရာဝတီတိုင်းဒေသကြီးရွေးကောက်ပွဲအရာရှိ  မြန်အောင်မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ MEVM နည်းပညာအထောက်အကူပြုအဖွဲ့များနှင့်တွေ့ဆုံ

မြန်အောင်    နိုဝင်ဘာ   ၂၁

ဧရာဝတီတိုင်းဒေသကြီးရွေးကောက်ပွဲအရာရှိ  ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်နိုင်နှင့် တာဝန်ရှိသူများသည် နိုဝင်ဘာ ၂၁ ရက်က  မြန်အောင်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် မြို့နယ်ကော်မရှင်အဖွဲ့ဝင်များ၊ MEVM နည်းပညာအထောက်အကူပြု အဖွဲ့များနှင့် ရွေးကောက်ပွဲအောင်မြင်အောင်ဆောင်ရွက်နိုင်အတွက် တွေ့ဆုံဆွေးနွေးခဲ့ ကြောင်းသိရသည်။

ဦးစွာ တိုင်းဒေသကြီးရွေးကောက်ပွဲအရာရှိနှင့်တာဝန်ရှိသူများသည် ရွေးကောက်ပွဲတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM များအားကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ တိုင်းဒေသကြီးရွေးကောက်ပွဲအရာရှိနှင့်တာဝန်ရှိသူများသည် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM နည်းပညာ အထောက်အကူပြုအဖွဲ့များနှင့်တွေ့ဆုံ၍ မဲပေးစက်များစစ်ဆေးခြင်း၊ စမ်းသပ်ခြင်း၊ တပ်ဆင်ခြင်းအပိုင်းများအား အလေးထားဆောင်ရွက်ရန်၊ နည်းပညာအထောက်အကူပြုအဖွဲ့ အနေဖြင့် မဲပေးစက်များအား မဲရုံများသို့ ထုတ်ပေးသည့်အချိန် မဲရုံများမှ ပြန်လည်အပ်နှံ လာသည့်အချိန်များတွင် စစ်ဆေးခြင်းနှင့် စမ်းသပ်ခြင်းများအား စနစ်တကျအလေးထား ဆောင်ရွက်ရန်၊ ရွေးကောက်ပွဲအောင်မြင်အောင်ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက် ပေးကြရန် တွေ့ဆုံမှာကြားခဲ့ကြောင်းသိရသည်။

ဝင်းဗိုလ် (ပြန်/ဆက်)