နတ်မောက်မြို့နယ်တွင် တက္ကသိုလ်/ဒီဂရီကောလိပ်တက်ရောက်ကြမည့် ကျောင်းသား/ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေး

နတ်မောက် နိုဝင်ဘာ ၂၁

မကွေးတိုင်းဒေသကြီး မကွေးခရိုင် နတ်မောက်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် တက္ကသိုလ်/‌ဒီဂရီကောလိပ်တက်ရောက်ကြမည့် ကျောင်းသား/ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့က ရပ်ကွက်ကော်မရှင်ရွေးကောက်ပွဲအဖွဲ့ခွံရုံးများ၌ ကျင်းပသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကျေးကော်မရှင်အဖွဲ့တို့မှ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမည့်အချိန် နတ်မောက်မြို့နယ်အတွင်းရှိ တက္ကသိုလ်/ဒီဂရီကောလိပ်တက်ရောက်ကြမည့် ကျောင်းသား/ကျောင်းသူများအနေဖြင့် သက်ဆိုင်ရာမြို့နယ် မိမိမဲစာရင်းပါရှိရာ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးတွင်  နိုင်ငံသားစိစစ်ရေးကတ်နှင့် ကျောင်းသားကတ်သို့မဟုတ် ကျောင်းဝင်ခွင့်အထောက်အထားတို့ကိုပြသ၍ ကြိုတင်ဆန္ဒမဲပေးလို့ရကြောင်းနှင့် ယမန်နေ့အထိ စုစုပေါင်း ကျောင်းသား၊ကျောင်းသူ(၇၉)ဦး ကြိုတင်ဆန္ဒမဲလာရောက်ပေးခဲ့ကြောင်းသိရသည်။ တက္ကသိုလ်/ ဒီဂရီကောလိပ်တက်‌ရောက်မည့် ကျောင်းသား/ကျောင်းသူများကြိုတင်ဆန္ဒမဲပေးခြင်းကို နိုဝင်ဘာ ၂၁ ရက်အထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှဝင်း