စလင်းမြို့နယ်တွင် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

စလင်း နိုဝင်ဘာ ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေး၊ (မြို့နယ်အဆင့်) အသိပညာပေးဟောပြောပွဲကို မြို့နယ်သစ်တောဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စလင်းမြို့၊ အမှတ် (၁)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးမှူး ဦးဝင်းဇော်မှ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်လာရခြင်းအကြောင်း မီးခိုးမြူငွေ့ဖြစ်ပေါ်လာခြင်းမှ လျှော့ချစေရန်၊ မြေဆီလွှာ ပျက်စီးမှုကို၊လျှော့ချနိုင်ရန်၊ ဓာတုဓာတ်မြေဩဇာများ အသုံးပြုမှုကို ထိန်းချုပ်နိုင်ရန်၊ အပင်၏အမြစ်များကို မြေသားအတွင်း၊ဖွံ့ဖြိုးတိုးတက်ဖြစ်ထွန်းမှုအား အထောက်ကူပြုစေရန်နှင့် စိုက်ပျိုးရေးတွင် အဓိကအသုံးပြုရမည့် မြေဩဇာအီးအမ်ဘိုကာရှိ ထုတ်လုပ်မှုကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိရန်လိုအပ်ကြောင်းနှင့် မီးခိုးမြူငွေ့အဓိပ္ပာယ်နှင့် မီးခိုးဖြစ်ပေါ်လာပုံ၊ မီးခိုးမြူငွေ့အမျိုးအစားများနှင့် ဆိုးကျိုးများ၊ ကာကွယ်နိုင်သည့်နည်းလမ်းများ၊ သစ်တောဦးစီးဌာနမှ၊ တောအုပ်ဦးရွှေမင်းမောင်က မြန်မာနိုင်ငံတွင် တွေ့ရှိရသော၊ သစ်တောအမျိုးအစားများ၊ သစ်တောဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော သစ်တောသစ်ပင် ပြုစုထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများ၊ သစ်ပင်ပျိုးပင်များ၊ ဖြန့်ဝေပေးမှုအခြေအနေ၊ တောမီးအန္တရာယ်နှင့် ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်သစ်တောစိုက်ခင်းများအား၊ ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ကူညီထိန်းသိမ်းစောင့်ရှောက်ကြရန်တို့ကို အကျယ်တဝင့်  ဟောပြောဆွေးနွေးခဲ့သည်။

ယင်းနောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများနှင့်မေးခွန်းများ၊ အပြန်အလှန် မေးမြန်းဖြေကြားပြီး သစ်တောဦးစီးဌာနမှ ထုတ်ဝေသည့် ၂၀၂၅ ခုနှစ်ထုတ် သစ်တောကြေးမုံစာအုပ်များကို ကျောင်းစာကြည့်တိုက်အတွက် ကျောင်းအုပ်ဆရာကြီး ဦးအောင်မြင့်ထွန်းထံသို့ အမှတ်တရလက်ဆောင်များ ပေအပ်ခဲ့သည် သစ်တောဦးစီးဌာနမှ၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်း (၈) ဦး ကျောင်းအုပ်ဆရာကြီး၊ ဦးအောင်မြင့်ထွန်းနှင့် ဆရာ၊ ဆရာမ (၁၀)၊ Grade-10 ကျောင်းသား၊ ကျောင်းသူ (၁၂၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မောင်လွင်(စလင်း)