အိမ်မဲမြို့နယ်တွင် (၅၅) ကြိမ်မြောက် စုပေါင်းကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်နှင့် တိုင်းအဆင့် ကောက်သစ်စားပွဲတော်အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ ကျင်းပမည်

အိမ်မဲ နိုဝင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊  ရေသိုးညောင်ဝိုင်းကျေးရွာအုပ်စု  လက်ပံကုန်းကျေးရွာတွင် (၅၅)ကြိမ်မြောက် စုပေါင်းကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်နှင့် တိုင်းအဆင့် ကောက်သစ်စားပွဲတော်အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲကျင်းပမည်ဖြစ်ရာ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ပွားပူဇော်ပွဲကို ယမန်နေ့ညနေ (၄)နာရီအချိန်က ကျင်းပခဲ့သည်။

ဦးစွာ ကြွရောက်လာသောဆရာတော်သံဃာတော်အရှင်သူမြတ် (၁၃) ပါးမှ အန္တရာယ်ကင်းပရိတ်တရား တော်များများရွတ်ပွားခဲ့ပြီး တက်ရောက်လာသူများက လှူဖွယ်ဝတ္တုများကို ဆက်ကပ်လှူဒါန်းခဲကြောင်း သိရသည်။ အဆိုပါပူဇော်ပွဲကို လက်ပံကုန်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်းကျေးရွာမှ ကရင်တိုင်းရင်းသားများ တက်ရောက်ခဲ့ကြသည်။

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)