တောင်တွင်းကြီး နိုဝင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ရှေးဟောင်းသမိုင်းဝင် အောင်မြင်ဇေယျ (ရခိုင်) စေတီတော်မြတ်ကြီး သန္တိသုခဓမ္မာရုံ၌ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများက နိုဝင်ဘာ ၁၇ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ကြိုတင်ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများက တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ကျောင်းဝင်ခွင့် အထောက်အထားများကို ပြသ၍ ကြိုတင်ဆန္ဒမဲ ထုတ်ယူပြီး လျှို့ဝှက်ဆန္ဒပြုခန်းတွင် မိမိ ကြိုက်နှစ်သက်သည့် ကိုယ်စားလှယ်လောင်းကို ဆန္ဒပြုကြိုတင်ဆန္ဒမဲပေးနေမှုအား တောင်တွင်းကြီးမြို့နယ်ကော်မရှင်အဖွဲ့ (ခွဲ)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးခြင်းကို နိုဝင်ဘာ ၁၇ ရက်နေ့မှစတင်၍ ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၁၉ ရက်နေ့အထိ တက္ကသိုလ်၊ ဒီကရီကောလိပ်၊ ကောလိပ် တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၉၅ ဦးက ကြိုတင်ဆန္ဒမဲလာရောက်ပေးခဲ့ပြီးဖြစ်ကြောင်းနှင့် နိုဝင်ဘာ ၂၁ ရက်နေ့ ညနေ(၄:၃၀)နာရီအထိ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)