စေတုတ္တရာမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ (ပင်စင်)လစာငွေများ ပုံမှန်ထုတ်ပေးလျက်ရှိ

စေတုတ္တရာ နိုဝင်ဘာ ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ မြန်မာ့စီးပွား‌ရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများကို ယနေ့မှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အငြိမ်းစားဝန်ထမ်းများ​၏ ပင်စင်လစားများအား လစဉ်ပုံမှန် ၂၁ ရက်နေ့တွင် ပင်စင်လစာများ အဆင်ပြေချောမွေ့စွာထုတ်ပေးနိုင်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိဝန်ထမ်းများသည် ပင်စင်ထုတ်ရက်မတိုင်မီ စာရင်းဇယားများကိုစနစ်တကျကြိုတင်ပြင်ဆင်ထားရှိပြီး အချိန်ကြန့်ကြာမှုမရှိစေရေးနှင့် အဆင်ပြေချောမွေ့စွာထုတ်ပေးနိုင်ရေးကို ဆောင်ရွက်ထားရှိကြောင်း သိရသည်။
စေတုတ္တရာမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာထုတ်ယူသည့် အငြိမ်းစားဝန်ထမ်း (၅၂၅)ဦးရှိပြီး ကျန်းမာရေးဝန်ထမ်းများမှ
နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်‌ဆေးပေးခြင်းနှင့် အခမဲ့စစ်ဆေးကုသပေးခြင်းတို့ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဆန်းကိုကို(ပြန်/ဆက်)