မင်းတုန်းမြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း ထုတ်ပေး

မင်းတုန်း နိုဝင်ဘာ ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် တံတားကျေးရွာ အ.မ.က ကျောင်းတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းနှင့်အတူ ရပ်မိ ရပ်ဖများမှ လုပ်ငန်းဆောင်ရွက်ပေးနေမှုများကို လာရောက်ကြည့်ရှု၍ လုပ်ငန်းဆောင်ရွက်မှု ပိုမိုမြန်ဆန်စေရေးအတွက် အစီအမံအထောက်အပံ့ များ ပံ့ပိုးခဲ့ကြသည်။

ထိုသို့ ဆောက်ရွက်ပေးရာတွင် လိုအပ်ချက်အရလျောက်ထားလာသော  နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသူများကို ဆောင်ရွက်ပေးခြင်း၊ ပျောက်ဆုံး၊ လဲလှယ်များကို မိတ္တူထုတ်ပေးနိုင်ရေးနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ အိမ်ထောင်ခွဲမည့်သူများကို ဆောင်ရွက်ပေးခြင်း၊ ဟောင်းနွမ်း စုတ်ပြဲများကို အသစ်လဲလှယ်ပေးနိုင်ရေးတို့ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ချင်းကလေး(NRDC)