အောင်လံ နိုဝင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ရွှေရတုခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နေ့လယ် ၁ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် အထက(၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးမာလာခိုင်က အဖွင့်အမှာ စကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးသိန်းက လူငယ်စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဒုတိယပိုင်းအစီအစဉ်အရ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်အား Grade-11 မှ မောင်ဇေယျာငြိမ်းလင်းကလည်းကောင်း၊ လူငယ်နှင့်သတ္တိအား Grade-10 မှ မဇာခြည်ညွန့် ဝေကလည်းကောင်း၊ လူငယ်နှင့်ကြီးပွားရေးအား Grade-10 မှ မောင်မင်းသန့်အာကာဇော်ကလည်းကောင်း၊ လူငယ်နှင့်ယဉ်ကျေးမှုအား Grade-11 မှ မဆုမြတ်ရွှေရည်က လည်းကောင်း အသီးသီး ဆွေးနွေးပေးခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်သူများက ပြန်လည်ဖြေကြားပေးခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်း
ဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီး၊ တက်ရောက်လာ သော ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြန်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်/ စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)