ဇလွန် နိုဝင်ဘာ ၂၁
ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ ဦးတင်ဆွေဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာနည်းပညာ အထောက်အကူပြုအဖွဲ့ဝင်များနှင့် မြို့နယ်ပြည်သူ့အားကစားခန်းမတွင် တွေ့ဆုံခဲ့သည်။
ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ ဦးတင်ဆွေဝင်းနှင့်တာဝန်ရှိသူများသည် မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ နည်းပညာအထောက်အကူပြုအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ရွှေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ၊ မဲပေးစက်နှင့်ပတ်သက်သည့်ကိစ္စရပ်များ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် နှင့်ပတ်သက်၍ နည်းပညာဆိုင်ရာအခက်အခဲဖြစ်ပေါ်ပါက အချိန်နှင့် တစ်ပြေးညီ ကြိုတင်ဖြေရှင်းဆောင်ရွက်ရမည့် နည်းလမ်းများ၊ ရွှေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် အလေးထား ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်တို့ကို လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)