ငပုတောမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ နည်းပညာအထောက်အကူပြုသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ငပုတော နိုဝင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့‌၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ နည်းပညာအထောက်အကူပြုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီက အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ငပုတောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဦးက အဖွင့်အမှာစကားပြောကြားရာ၌ လက်ရှိဆောင်ရွက်နေသော ပါတီစုံဒီမိုရေစီအထွေထွေရွေးကောက်ပွဲတွင် လွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲကြီး ကျင်းပရန် ပြဌာန်းထားသော ဥပဒေ၊ နည်းဥပဒေအတိုင်း ဆောင်ရွက်ကြရန်တို့ကို ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ နည်းပညာအထောက်အကူပြုသင်တန်းအား ပုသိမ်နည်းပညာ တက္ကသိုလ်မှဆရာ၊ ဆရာမများက သင်ကြားသွားမည်ဖြစ်ကြောင်းသိရသည်။

အောင်သူ(ပြန်/ဆက်)