ဆေးသုတေသနဦးစီးဌာနမှ ရေနံချောင်းမြို့ အ.ထ.က (၃) ကျောင်းရှိ ဆယ်ကျော်သက်အရွယ် ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးနှင့်ပတ်သက်သော အကြောင်းအရာများ လေ့လာဆောင်ရွက်

ရေနံချောင်း နိုဝင်ဘာ ၂၀

ကျန်းမာရေးဝန်ကြီးဌာန ဆေးသုတေသနဦးစီးဌာနနှင့် ရေနံချောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကာ ဆယ်ကျော်သက်အရွယ် အထက်တန်းကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးနှင့်ပတ်သက်သော အကြောင်းအရာများ လေ့လာခြင်းကို ယမန်နေ့ နံနက် ၇ နာရီက အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်သည်။

ရှေးဦးစွာ ဆေးသုတေသနဦးစီးဌာနအဖွဲ့မှ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း Grade-10 မှ ကျောင်းသားကျောင်းသူ ၅၂ ဦးအား သွေးပေါင်ချိန်၊ အရပ်၊ ကိုယ်အလေးချိန်နှင့် ခါးပတ်လည်တို့ တိုင်းတာခြင်း၊ ကျန်းမာရေးနှင့်ပတ်သက်သော နေထိုင်စားသောက်မှုပုံစုံများကို Tablet ဖုန်းတစ်လုံးစီဖြင့် မေးမြန်းဖြည့်စွက်ခြင်း၊ သွေးဖောက်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကျန်းမာရေးစစ်ဆေးပေးခြင်းဖြင့် ကျန်းမာရေးနှင့်ပတ်သက်သော နေထိုင်စားသောက်မှုပုံစံများ၊ သွေးအားနည်းရောဂါများ၊ သွေးတိုး၊ ဆီးချို၊ သွေးတွင်းသကြားဓာတ်များခြင်း စသည့်ရောဂါများအတွက် ကြိုတင်ပြင်ဆင်နိုင်မည်ဖြစ်ပြီး ရောဂါစစ်ဆေးတွေ့ရှိပါက အထူးကုဆရာဝန်ကြီးများနှင့် ဆက်လက်ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)