ဝေါမြို့နယ်အတွင်းရှိ လေးအိမ်စုကျေးရွာအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြပွဲ ကျင်းပ

ဝေါ နိုဝင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ၊ ဝေါမြို့နယ်အတွင်းရှိ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့မွန်းလွဲ (၁) နာရီက (လေးအိမ်စုကျေးရွာ) ကျောင်းကြီးကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။

ဦးစွာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးစိုးမိုးအောင်က မဲဆန္ဒရှင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် သုံးစွဲပုံ အဆင့်ဆင့်များကို ရှင်းလင်းပြောကြားခဲ့သည်။    

ထို့နောက် တက်ရောက်လာကြသည့် ​ကျေးရွာသူ၊ ကျေးရွာသားများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ကိုယ်တိုင်လက်တွေ့စမ်းသပ်မဲပေးခြင်းများကို လက်တွေ့ဆောင်ရွက်ခဲ့ကြပြီး၊ သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)