ဒိုက်ဦးမြို့နယ်တွင် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ဒိုက်ဦး နိုဝင်ဘာ ၁၈

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်မှ ကျင်းပသော သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အ.ထ.က (၂) ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား ပြောကြားပြီးနောက် ဒိုက်ဦးမြို့နယ်၊ သစ်တောဦးစီးဋ္ဌာန ဦးစီးအရာရှိ ဦးတင်လင်းအောင်က သစ်တော၊ သစ်ပင်ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပါသည်။

ဆက်လက်၍ တောအုပ်ကြီး ဦးလွင်မိုးအောင်က တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးကို ဟောပြောခဲ့ပါသည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးချမ်းမြေ့ထွန်းမှ မီးဘေးအန္တာရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပြီးနောက် စုပေါင်းဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)