အိမ်မဲ နိုဝင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပြည်တန်ခန်းမတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးဆောင်ကျင်းပသော မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းမှစ၍ သင်ကြားလျက်ရှိရာ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်း နှင့်အဖွဲ့သည့်သင်တန်းသင်ကြားမှုအား ကြည်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းသည် မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းတွင် သင်တန်းနည်းပြသင်ကြားနေမှုများကို ကြည့်ရှုအားပေးပြီး မဲစာရင်းများမှန်ကန်စေရေး၊ ကြိုတင်မဲအကြောင်း၊ မဲရုံမှူး၊ ဒုမဲရုံမှူးတို့၏တာဝန်ဝတ္တရားများ၊ မဲပေးစက်၏ဘက်ထ္ထရီအကြောင်းတို့နှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)