သာပေါင်းမြို့နယ် ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲရုံမှူး ၊ ဒု-မဲရုံမှူး သင်တန်းဖွင့်လှစ်

သာပေါင်း နိုဝင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူးဖွင့်လှစ်သော မဲရုံမှူး၊ ဒု-မဲရုံမှူးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နိုဝင်ဘာ ၁၇ ရက်နေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(သာပေါင်း) သော်ကဆောင်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကြင်ဝင်းမှ သင်တန်းဖွင့်လှစ်‌ပေးရခြင်း၏ ရည်ရွယ်ချက်များ၊ သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကြင်ဝင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ကော်မရှင်အဖွဲ့ခွဲ အတွင်း ရေးမှူး ဒေါ်မေသူဦးနှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်တို့က မြို့နယ်တွင်းရှိ မဲရုံမှူး၊ ဒု-မဲရုံးမှူး ဆရာ၊ဆရာမ( ၃၈၈)ဦးတို့အား (၁၇၊၁၁၊၂၀၂၅ မှ ၁၈၊ ၁၁၊ ၂၀၂၅)ရက်နေ့အထိ (နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအထိ) သက်ဆိုင်ရာဂဏ္ဍအလိုက် ဥပဒေ၊ နည်းဥပဒေများအတိုင်း စာတွေ့၊လက်တွေ့ဆွေးနွေးကြကာ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်ဆန္ဒမဲပေးခြင်းများအား သင်ကြားပို့ချလျက်ရှိပြီး မေးမြန်းချက်များအပေါ် လက်တွေ့သရုပ်ပြ ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး(သာပေါင်း ပြန်/ဆက်)