ငပုတောမြို့နယ် ရွေးကော်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ မဲရုံမှူး၊ ဒု-မဲရုံမှူး သင်တန်းဖွင့်လှစ်

ငပုတော  နိုဝင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ရွေးကော်ပွဲ ကော်မရှင်အဖွဲ့ခွဲမှမဲရုံမှူး၊ ဒု-မဲရုံမှူး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က အခြေခံပပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးက အဖွင့်အမှာစကားပြောကြားပြီးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းကို နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ  (၂)ရက်ကြာသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)