ကျောင်းကုန်း နိုဝင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်ပညာရေးမှူးရုံးရှိ "မြတ်ပညာ"ခန်းမ၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက အဖွင့်အမှာစကားပြောကြားပြီး၊မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးတင်မောင်က အောင်မြင်မှုရရှိဖို့ဆိုတာ ကြိုးစားအားထုတ်မှုရှိဖို့လိုကြောင်း၊ မိမိကျောင်းရဲ့ အားနည်းချက်၊ အားသာချက်များကို မိမိတို့ကိုယ်တိုင် သိရှိကြဖို့လိုကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူးတာဝန်ခံ ဦးဆန်းဝင်းက Grade 12 အကြိုစာမေးပွဲပထမ အကြိမ်ဖြေဆိုခဲ့ပြီး၊ အောင်/ရှုံးရလာဒ်အပေါ်သုံးသပ်ကာ နိုဝင်ဘာလမှစ၍ တွန်းအားပေး ဆောင်ရွက်ကြရန်ပြောကြားခဲ့ပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးသက်ဦး က အောင်ချက်မြင့် မားရေးနှင့် ဘာသာစုံဂုဏ်ထူးရှင်များပေါ်ထွက်လာစေရေး ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် အထက်တန်းကျောင်းအုပ်ကြီးများနှင့်အထက်တန်းပြဆရာ/မများက တက္ကသိုလ်ဝင်တန်း Grade- 12 အကြိုစာမေးပွဲ ဒုတိယအကြိမ်ကို ဒီဇင်ဘာတတိယပတ်တွင် အောင်ချက်မြင့်မားလာစေရန် လုပ်ဆောင်ထားချက်များ အပြန်အလှန်ဝိုင်း ဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)