ရေတာရှည် နိုဝင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် ရေတာရှည်-ကရင်ချောင်းလမ်း-ထုံးဘိုကြီးလမ်းဘေးဝဲယာများတွင်ရှိသော လယ်ယာမြေများတွင် မိုးစပါးရိတ်သိမ်းပြီးသည့် လယ်ယာမြေများ၌ ရိုးပြတ်များထားရှိ ခြင်းမရှိစေဘဲ ဆောင်းသီးနှံစိုက်ပျိုးရန်အတွက် ဌာနဆိုင်ရာများမှ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဦးဆောင်၍ သက်ဆိုင်ရာဌာနများမှ ဝါးရုံတော အုပ်စု၊ဆင်ဂွေအုပ်စု ကျွဲရိုင်းပြင်ရှိ လယ်ယာမြေများတွင် ဆောင်းသီးနှံတစ်မျိုးမျိုးအား စိုက်ပျိုးစေရန်အတွက် မြေများပြုပြင်ခြင်းလုပ်ငန်းများအား ဆောင်ရွက်နိုင်ရေးကို တွန်းအားပေးကြပ်မတ်စစ်ဆေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)