ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် ခေါင်းဆောင်မှုနဲ့ စီမံခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ထန်းတပင်(ပဲခူး) နိုဝင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန  (Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club /Youth Club စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်း၍ စာရေးဆရာချစ်နိုင်(စိတ်ပညာ) ရေးသားသည့် ခေါင်းဆောင်မှုနဲ့စီမံခြင်းစာအုပ်ဖြင့် ယမန်နေ့မွန်းလွဲပိုင်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းထွန်းအောင်က စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ် ချက်များကို ပြောကြားခဲ့သည်။

ဆက်လက်၍ ဦးစီးအရာရှိ ဦးသန်းထွန်းအောင်က စာအုပ်ပါခေါင်းစဥ်များမှ “စိတ်ကောင်းထားရှိ အမှန်ကြီးပွား၏”၊ “လူငယ်နှင့်အနာတ်ဂတ်စီမံကိန်း”စသည့် အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးပြီး တက်ရောက်လာကြသော စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများက အချင်းချင်းအမြင်ခြင်းဖလှယ်ကာ အပြန်အလှန်ဆွေးနွေးချက်များအပေါ်  Book Club အဖွဲ့ဝင်တစ်ဦးက ခြုံငုံသုံးသပ်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)