သဲကုန်းမြို့နယ်တွင် (MEVM) မဲပေးစက်ဆိုင်ရာ ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်​ပြစမ်းသပ်ဆန္ဒမဲပေးခြင်း ကွင်းဆင်းဆောင်ရွက်

သဲကုန်း နိုဝင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်​ပြ စမ်းသပ်ဆန္ဒမဲပေးခြင်းလုပ်ငန်းကို   ယမန်နေ့က မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)နှင့် ရပ်ကွက်(၄) ပေါက်တောရပ်၊ မြသိန်းတန်ဘုရားတန်ဆောင်းအတွင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများက  ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရာ၌အသုံးပြုမည့် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)​​ဖြင့် ဆန္ဒမဲပေးခြင်းလုပ်ငန်းအဆင့်ဆင့်၊ အကျိုးကျေးဇူးများနှင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့်  သိသင့်သိထိုက်သော အကြောင်းအရာ အချက်အလက်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည် ဒေသခံပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုအသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းများကို သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)