ရေဦး နိုဝင်ဘာ ၁၈
ရေဦးမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား အပိုင်း(၂)တွင်ပါဝင်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ရာ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတိုင်း မဲပေးနိုင်ရေးနှင့် မဲပေးခွင့်မဆုံးရှုံးစေရေးတို့အတွက် တက္ကသိုလ်၊ ကောလိပ် ကျောင်းများသို့ သွားရောက်ကျောင်းတက်ကြမည့် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး၊ ကျန်ရှိမှုမရှိစေရေး ကွင်းဆင်းစာရင်းကောက်ယူခြင်းများကို ယမန်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစာရင်းကောက်ယူရာတွင် သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်အဖွဲ့များ တက္ကသိုလ်၊ ကောလိပ်ကျောင်းသား/ကျောင်းသူများအနေဖြင့်လည်း ဒီဇင်ဘာလတွင် သက်ဆိုင်ရာကျောင်းများသို့ သွားရောက်ကြမည်ဖြစ်သော်လည်း မဲပေးခွင့်မဆုံးရှုံးစေရေး၊ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ကွင်းဆင်းစာရင်းကောက်ယူခြင်းဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။
အဆိုပါ ကွင်းဆင်းစာရင်းကောက်ယူခြင်းအား ဗိုလ်အောင်ဇေယျရပ်ကွက်၊ အောင်ဆန်း ရပ်ကွက်နှင့် အောင်ချမ်းသာရပ်ကွက်တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရေဦးမြို့နယ်အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂)အုပ်စုတို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)