မော်လမြိုင်ကျွန်း နိုဝင်ဘာ ၁၈
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့် အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန “မော်ဧရာ” အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲတို့နှင့် တွေ့ဆုံပွဲကျင်းပသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့်အဖွဲ့သည် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ ဗိုလ်မှူးမင်းလွင်၊ အတွင်းရေးမှူး ရဲမှူးမိုးစိန်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ ဦးသီဟန်စီနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုများမှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ တက်ရောက်ကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းက ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ၊ မဲရုံးထားရှိမှုအခြေအနေများ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ မဲပေးစက်များ စနစ်တကျသယ်ယူကိုင်တွယ်စေရေးအတွက် လိုအပ်သည့်လမ်းညွှန်မှုများ မှာကြားဆွေးနွေးသည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသီဟန်စီက ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မဲရုံးမှူး/ ဒုမဲရုံမှူးနှင့် အဖွဲ့ဝင်များ၏ လျာထားဖွဲ့စည်းထားရှိမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ကြောင်းနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ကြသူများကလည်း ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လိုအပ်သည်များ၊ သိလိုသည်များအား အကြံပြုဖြည့်စွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရဲကိုမောင်(ပြန်/ဆက်)