လိပ်သို နိုဝင်ဘာ ၁၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ မျှစ်များကို တစ်နှစ်တာပတ်လုံး စားသုံးနိုင်ရန်နှင့် မျှစ်များရှားပါးလာချိန်၌ ရောင်းချနိုင်ရန် မျှစ်ချဉ်များ ပြုလုပ်သိုလှောင်ထားကြကြောင်း သိရသည်။
ဒေသခံများသည် မျှစ်ချဉ်ပြုလုပ်ရာတွင် မျှစ်များကို သန့်စင်စွာဆေးကြောပြီး အလုံးလိုက်သော်လည်းကောင်း၊ မျှစ်များကို ပါးပါးလှီး၍သော်လည်းကောင်း ပုံစံအမျိုးမျိုးဖြင့် ပြုလုပ်ကြပြီး ယခုဆောင်းရာသီကာလတွင် မျှစ်ချဉ်တစ်ပိဿာလျှင် ကျပ် (၃၀၀၀) မှ (၄၀၀၀) အထိ ဈေးရရှိနေကြောင်း သိရသည်။
ဒေသခံများသည် မျှစ်ချဉ်အပြင် မျှစ်ခြောက်၊ မျှစ်ချိုများပြုလုပ်၍ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နှင့် အခြားမြို့များသို့ ပို့ဆောင်ရောင်းချကြကြောင်း သိရသည်။
ခင်လေးနွယ်