သံတောင်မြို့တွင် ရော်ဘာများဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိ    

သံတောင်ကြီး နိုဝင်ဘာ ၁၈

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ကုန်းတောင်တန်းများထူထပ်ပြီး သဘာဝမြေဩဇာများရှိသည့်အတွက် ဒေသခံပြည်များမှာ အများအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းပြုကြသည်။ သံတောင်မြို့ရှိဒေသခံပြည်သူများမှာလည်း အဓိကအားဖြင့် ရော်ဘာစိုက်ပျိုးခြင်းကို  အဓိကလုပ်ကိုင်ကြသည်။ ယခုအချိန်တွင် ရော်ဘာစိုက်ပျိုးလုပ်ကိုင်သောတောင်သူများသည် အစေးလှီးခြင်းနှင့် ရော်ဘာပြားများထုတ်လုပ်ခြင်းလုပ်ငန်းများကို လုပ်ကိုင်နေပြီး လိုအားကောင်းကာ ဈေးကောင်းရရှိလျက်ရှိ‌ကြောင်း သိရသည်။

ရော်ဘာများကို လုပ်ကိုင်ရာတွင် နံနက် (၄) နာရီအချိန်တွင်ထရပြီး ရော်ဘာခြံသို့သွားကာ အပင်များကို ဓားဖြင့်ချစ်ရပြီးအစေ့များကိုသိမ်းယူပေးရသည်။ သိမ်းယူပြီးသောရော်ဘာစေ့များကို အက်စစ်နှင့်ရော၍ ရော်ဘာခွက်ထဲသို့ထည့်ကာ စက်ဖြင့်ပြန်လည်ကြိတ်ပေးရပြီး ရော်ဘာပြားရရှိကာနေပူဖြင့် ပြန်လည် အခြောက်လှန်းပေးရသည်။

အဆိုပါ ရော်ဘာတစ်ပြားလျှင် နှစ်ပေါင်ခွဲ၊ သုံးပေါင်ထိရှိပြီး ယခုအချိန်တွင် ရော်ဘာတစ်ပေါင်လျှင် ကျပ် (၃၀၀၀) မှ ကျပ် (၃၂၀၀) ထိရရှိပြီး ဈေးကောင်းရရှိလျက်ရှိကြောင်း ရော်ဘာပြားများကို တောင်ငူမြို့ရှိ အဝယ်ဒိုင်များတွင် သွားရောက်ရောင်းကြကြောင်း ရာဘာလုပ်ကိုင်ပြုလုပ်သော‌ ဒေသခံတစ်ဦးထံက သိရသည်။

နော်နော်မူ