လပွတွတ္တာမြို့နယ်အတွင်းရှိ တက္ကသိုလ်တန်း တက်ရောက်လျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်မှုများအား ကြည့်ရှုအားပေး

လပွတ္တာ နိုဝင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ တက္ကသိုလ်တန်းတက်ရောက်လျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးဆောင်ရွက်မှုများကို ယနေ့နံနက် ၈ နာရီအချိန်တွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

လပွတ္တာမြို့နယ်ကော်မရှင်ရုံးမှ မြို့နယ်အတွင်းရှိ တက္ကသိုလ်တန်းတက်ရောက်လျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် မြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာအုပ်စု (၈၂)အုပ်စုရှိ မဲရုံ (၂၂၆) ရုံ၌ နိုဝင်ဘာလ ၁၇ ရက်မှ ၂၁ ရက်‌နေ့အထိ နေ့စဉ် နံနက် ၈ နာရီ မှ ညနေ့ ၄ နာရီအချိန်ထိ၊ (၅)ရက်တာကာလအတွင်း မဲပုံးများဖြင့် ဆန္ဒမဲလက်မှတ်များ ကောက်ယူဆောင်ရွက်လျက်ရှိကြောင်း ကြိုတင်မဲဆန္ဒမဲပေးနိုင်ရေး ဖွင့်လှစ်ကောက်ခံရာ မြို့ပေါ်ရှိမဲရုံများသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးစံရင်‌မော်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ပညာရေးမှူး ဦးကျော်ဝင်း၊ မြို့နယ်ကော်မရှင် အတွင်းရေးမှူး ဒေါ်နိုင်နိုင်ဝင်းတို့က လိုက်လံကြည့်ရှု စစ်ဆေးလျက်ရှိကြောင်း၊ မြို့နယ်အတွင်း ကြိုတင်ဆန္ဒမဲပေးနိုင်သည့် ကျောင်းသား၊ ကျောင်းသူ (၂၂၁) ဦးခန့်ရှိကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)