ချောင်းဦးမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့်မဲရုံများအားမဲရုံလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးများ ကွင်းဆင်းဆောင်ရွက်

ချောင်းဦး     နိုဝင်ဘာ  ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၌ နိုဝင်ဘာ ၁၅ နှင့် ၁၆ ရက်နေ့က ချောင်းဦးမြို့နယ် အတွင်း ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲရုံများအား မဲရုံလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးမြင့်သောင်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဒေါ်ဆွေဆွေသန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းအောင်နှင့်တပ်ဖွဲ့ဝင်များ လိုက်ပါပြီး မဲရုံများပတ်ဝန်းကျင်ကို လုံခြုံရေးစစ်ဆေး၍ မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဖြန်းဘူးများ တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။

ဝင်းမြင့်အောင်(ပြန်/ဆက်)