ဟင်္သာတမြို့နယ်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ဆရာ၊ ဆရာမများ ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ဟင်္သာတ နိုဝင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဟင်္သာတမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်တို့တွင် သင်ကြားလျက်ရှိသော  ဆရာ၊ ဆရာမများ ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၁၄ ရက်နေ့ နံနက် ၁၀ နာရီက စတင်ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆရာ၊ ဆရာမများ ဘာသာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မူလတန်းအဆင့် ဘာသာရပ်များတွင် ၁၉၆၆ ဦးဖြင့် ဟင်္သာတမြို့ရှိ အ.ထ.က (၁)၊ အ.ထ.က(၂)၊ အ.ထ.က(၃)၊ အ.ထ.က(၄) ကျောင်းများတွင်လည်းကောင်း၊ အလယ်တန်းအဆင့် ဘာသာရပ်များအတွက် ဆရာ၊ ဆရာမ ၆၆၄ ဦးတို့ဖြင့် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း၊ အထက်တန်းဆင့်ဘာသာရပ်များအတွက် ဆရာ၊ ဆရာမ ၉၂၂ ဦးတို့ဖြင့် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းတို့တွင်လည်းကောင်း နိုဝင်ဘာ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၃ နာရီခွဲအချိန်ထိ  ဘာသာရပ်ဆိုင်ရာ အားလုံးအတွက် သင်ကြားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခရိုင်(ပြန်/ဆက်)