ပေါင် ဩဂုတ် ၄
သထုံခရိုင် ပေါင်မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ယမန်နေ့ ညနေပိုင်းက မြို့နယ်အတွင်းရှိ ကျေးရွာအချို့မှာ နေအိမ်ပြိုကျခြင်း၊ နေအိမ်အမိုးလန်ခြင်းနှင့် သစ်ပင်လဲကျခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ကျားဘိုကျေးရွာရှိ နေအိမ် ၅ လုံးနှင့် ကမာဘီကျေးရွာရှိ နေအိမ် ၂ လုံး၊ ကျုံကကျေးရွာရှိ နေအိမ် ၂ လုံးတို့မှာ အမိုးလန်ခြင်းများ ဖြစ်ပွားခဲ့ပြီး ပန်းကုန်းကျေးရွာရှိ နေအိမ် ၁ လုံး ပြိုကျခြင်းများ ဖြစ်ပွားခဲ့သည်။ ထို့အပြင် ဥတ္တံတားကျေးရွာ၊ ရင်းငြိမ်မြောက်၊ ကျခတ်ငူကျေးရွာများတွင် သစ်ပင်၊ သစ်ကိုင်များ လဲကျခြင်း၊ ကျိုးကျခြင်းများ ဖြစ်ပွားခဲ့သည်။
အဆိုပါ ဖြစ်ပွားရာနေရာများသို့ လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်မှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် လူမူကူညီရေး အသင်းအဖွဲ့များက ရှင်းလင်းရေးဆောင်ရွက်ပေးခဲ့ကြသည်။
ယင်းဖြစ်စဉ်ကြောင့် အိမ်ထောင်စု(၁၀)စုမှ လူဦးရေ(၄၂)ဦး လေဘေးသင့်ခဲ့ကြောင်း သိရသည်။
ဝင်းမင်းသန်း(ပြန်/ဆက်)