မြိတ် နိုဝင်ဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲစာရင်းတွင် ပါရှိနိုင်ရေးအတွက် မြိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးအစည်းအဝေးခန်းမတွင် မဲဆန္ဒရှင်စာရင်း ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းစသော မဲစာရင်းစိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မဲဆန္ဒရှင်ပြည်သူများ၏ နိုင်ငံသားအခွင့်အရေး မရှုံးဆုံးစေဖို့ ဆန္ဒမဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်း များကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်များမှ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာတွင် မကြာမီ ဒုတိယအကြိမ် မဲစာရင်းကြေညာဆောင်ရွက်သွားမည်ဖြစ်ရာ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင် ပါရှိနိုင်ရေးအတွက် မဲစာရင်းစိစစ်ခြင်းလုပ်ငန်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက မဲဆန္ဒရှင်စာရင်း ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
မဲစာရင်းစိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား မြိတ်ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးလှိုင်ဘွား၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးပြည်ဟိန်းကျော်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး ခဲ့ကြပြီး မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲစာရင်းတွင် ပါရှိနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိရေး ပေါင်း စပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)