မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ နည်းပညာအထောက်အကူပြု သင်တန်းဖွင့်

ဇလွန် နိုဝင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ဟင်္သာတခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ညွှန်ကြားချက်ဖြင့် ဇလွန်မြို့နယ် ရွှေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဖွဲ့စည်းထားရှိသော မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ နည်းပညာအထောက်အကူပြုအဖွဲ့အား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ နည်းပညာအထောက်အကူပြု Installation သင်တန်းဖွင့်ပွဲကို နိုဝင်ဘာ ၁၂ ရက် နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ နည်းပညာအထောက်အကူပြုသင်တန်းတွင် ဟင်္သာတနည်းပညာတက္ကသိုလ် ပါမောက္ခဒေါက်တာထွန်းလင်းနိုင်၊ ဟင်္သာတအစိုးရနည်းပညာ အထက်တန်းကျောင်း ကထိက ဦးခိုင်ဝင်းထွဋ်တို့က မဲပေးစက်၏ ဖွဲ့စည်းတည်ဆောက်ပုံ MEVM စက်ဖြင့်စမ်းသပ်မဲပေးမှု အဆင့်ဆင့်လုပ်ငန်းစဉ်များ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့် ပတ်သက်၍ နည်းပညာဆိုင်ရာ အခက်အခဲ ဖြစ်ပေါ်ပါက အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းဆောင်ရွက်ရမည့် နည်းလမ်းများ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) တပ်ဆင်အသုံးပြုပုံ Video Clip ကို Power Point ဖြင့်ရှင်းလင်းပြသခဲ့ပြီး မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ နည်းပညာအထောက်အကူပြုအဖွဲ့အား အဖွဲ့များခွဲ၍ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကို လက်တွေ့တပ်ဆင်အသုံးပြုခဲ့ကြသည်။

ဝေယံ(ပြန်/ဆက်)