ငပုတောမြို့နယ်၌ ဆောင်းဆီထွက်သီနှံ (နေကြာ-ပဲပုပ်)မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ငပုတော နိုဝင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ဆောင်းဆီထွက်သီးနှံ (နေကြာ-ပဲပုပ်)မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မား‌စေရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မား‌စေရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် ဆီဖူလုံမှုရရှိစေရေးအတွက် နေကြာနှင့် ပဲပုတ်များအား ဖြစ်ထွန်းအောင်မြင်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပဲကြီးပဲပုတ်ရောနှောစိုက်ပျိုးခြင်းဖြင့်လည်း ဆီဖူလုံမှုကိုအထောက်အကူပြုရရှိမှာဖြစ်ကြောင်း ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဆန်းဝင်းက ၂၀၂၅-၂၀၂၆ ခုနှစ် ဆောင်းဆီထွက်သီးနှံ (နေကြာ၊ ပဲပုတ်) စိုက်ပျိုးရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းဆွေးနွေးပြောကြားသည်။

ဆက်လက်ပြီး ဆောင်းဆီထွက်သီးနှံ(နေကြာ၊ပဲပုတ်)မျိုးစေ့များကို မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်သူ