မင်းတုန်း နိုဝင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာရာတွင် ပြည့်စုံမှန်ကန်စေရေးအတွက် ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းမှ ကြီးကြပ်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ အဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့စစ်ဆေးရာတွင် လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၅ (က) အရ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပုံစံ (၁) ပူးတွဲ (၁) စာရင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပုံစံ (၁) ပူးတွဲ (၂) စာရင်းအားရယူပြီး ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းကြေညာရာတွင် မဲဆန္ဒရှင်စာရင်းများ တိကျပြည့်စုံ မှန်ကန်စေရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချင်းကလေး (NRDC)