ဂန့်ဂေါ နိုဝင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ သုံးမွှာပူးမွေးဖွားသည့် မိခင်နှင့်ကလေးများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို နိုဝင်ဘာ ၁၂ ရက် နံနက် ၉ နာရီက ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ပေးအပ်ရာ ဂန့်ဂေါမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ထောက်ပံ့ငွေများကို ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်လဲ့ရည်လှိုင်တို့က ပေးအပ်ခဲ့ရာ သုံးမွှာပူးမွေးဖွားသည့် မိခင်နှင့်မိသားစုက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို့နောက် ဂန့်ဂေါမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် တာဝန်ရှိသူများက သုံးမွှာပူးမွေးဖွားသည့် မိခင်နှင့်မိသားစုအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ရာသို့ ဂန့်ဂေါမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပြည်သူ့ဆေးရုံကြီးမှ ခေတ္တဆေးရုံအုပ် ဒေါက်တာဝင်းထိုက်နှင့် ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မောင်မျိုးမင်း (ပြန်/ဆက်)