ပေါက်ခေါင်း နိုဝင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ကြိုတင်ဆန္ဒမဲလက်မှတ်များ ဖွင့်ဖောက်စစ်ဆေးခြင်းနှင့် မဲရုံမှူး/ ဒုမဲရုံမှူးသင်တန်းဖွင့်လှစ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်များ ဖွင့်ဖောက်စစ်ဆေးခြင်းရန်ကိစ္စနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ဒေသခံပြည်သူများ၏ ကြိုတင်ဆန္ဒမဲစာရင်းများတိကျမှန်ကန်စွာပါရှိရေး၊ မဲရုံမှူး/ဒုမဲရုံမှူးသင်တန်းများဖွင့်လှစ်နိုင်ရေး၊ လုပ်ငန်းဆောင်ရွက်ထားရှိမှုများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များကို တင်ပြခဲ့ကြရာ သိရှိလိုသည်များနှင့် ဆက်လက်လုပ်ဆောင်မည့်လုပ်ငန်းတာဝန်များကို တိုင်ပင်ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဖုန်းကျော်ဇင်(ပြန်/ဆက်)