ပန်းတောင်း နိုဝင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက အ.လ.က(ဥသျှစ်ပင်)ကျောင်းနှင့် အ.ထ.က (ရှားဖြူကွင်း)ကျောင်းများသို့ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဥ်း၍ အသိပညာပေးဟောပြော ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောမှုအစီအစဉ်တွင် အ.လ.က (ဥသျှစ်ပင်)ကျောင်းနှင့် အ.ထ.က (ရှားဖြူကွင်း)ကျောင်းမှ ကျောင်းသားကျောင်းသူများအား မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးမော်နှင့်ဝန်ထမ်းများက မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေး၊ မိုးကြီးဘေး၊ ငလျှင်ဘေး၊ မိုးခေါင်ရေရှားဘေး စသည့် သဘာဝ ဘေးအန္တရာယ်များ မကျရောက်မီ ကြိုတင်ပြင်ဆင်မှုများ၊ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက မည်သို့နေထိုင်ပြုမူစားသောက်ရမည်ကိုလည်းကောင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်ပြီးပါက မည်သို့ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရမည်ကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များပေးဝေခြင်း၊ စာအုပ်/ဘောပင်များပေးဝေခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
လပြည့်လင်း