ကရသူရိမြို့၌ ကျောင်းသား/ ကျောင်းသူများအား ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပ

ကရသူရိ နိုဝင်ဘာ ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ထက်မြက်၍ စိတ်ရွှင်လန်းစေရေး ဉာဏ်စမ်းပြိုင်ပွဲကို နိုဝင်ဘာလ ၁၂ ရက်၊ နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့သည်။

ကျောင်းသား၊ ကျောင်းသူများ၏ ဉာဏ်ရည်/ ဉာဏ်သွေးဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်အားကောင်း၍ စာအုပ်၊ စာပေချစ်မြတ်နိုးသူများဖြစ်စေရေး စာကြည့်တိုက်နှင့်စဥ်ဆက်မပြတ် ရင်းနှီးကျွမ်းဝင်စေရေး ပြုစုလေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း မြို့ဦးစီးက ဦးစွာ ပြောကြားသည်။

ထို့နောက် ဉာဏ်စမ်းပြိုင်ပွဲတွင် မြို့ဦးစီးမှူးက ဉာဏ်စမ်းပုစ္ဆာများ မေးမြန်းခြင်းတို့ကို ဆောင်ရွက်ရာ ကျောင်းသား၊ ကျောင်းသူ (၁၆) ဦးက ဝင်ရောက်ဖြေဆိုခဲ့ပြီး စာကြည့်တိုက်လက်ထောက်-၃က အမှတ်ပေးခြင်း၊ ဆုရွေးချယ်ခြင်းနှင့် ဆုများ ချီးမြှင့်ပေးအပ်သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိရေး စာအုပ်၊ စာစောင်များပြသခြင်း၊ မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲပြသခြင်းနှင့် သဘာဝဘေးအန္တရာယ်အသိပညာပေး နံရံကပ်ဘုတ်တို့ကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)