ပေါက်ခေါင်း နိုဝင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ကျောင်းသား၊ကျောင်းသူများအား အဟာရကျွေးခြင်းအခမ်းအနားကို အ.ထ.က(အိုးဘိုကုန်း)၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပရခြင်း၏ရည်ရွယ်ချက်များနှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု လုပ်ငန်းစဥ်များအကြောင်းကို ရှင်းလင်းပြောကြားပြီး ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက Grade-1 နှင့် KG ကျောင်းသား၊ ကျောင်းသူကလေးများကို အစာအုပ်စု(၃)စုနှင့်ညီမျှသော အဟာရဖြစ်ဖွယ်အစားအစာများကို ကျွေးမွေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူကလေးများအတွက် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖုန်းကျော်ဇင်(ပြန်/ဆက်)