စလင်းမြို့နယ်၌ မဲစာရင်းများပြည့်စုံမှန်ကန်စေရေး ဒုတိယအကြိမ် ပြန်လည်စီစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

စလင်း နိုဝင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကာလအတွက်၊ မြို့နယ်အ တွင်းရှိ အသက် ၁၈ နှစ်နှင့်အထက် မဲဆန္ဒရှင်စာရင်းများ၊ တိကျမှန်ကန်မှုရှိစေရေးအတွက် ဒုတိယအကြိမ် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို မြို့နယ်ရွးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ၊မဲဆန္ဒရှင်လူဦးရေစာရင်းများ၊ ဒုတိယအကြိမ် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီဝင်များက မြေပြင်ရှိ လူဦးရေစာရင်းများ မှန်ကန်မှုရှိစေရေးအတွက်၊ တိုက်ဆိုင်စစ်ဆေးခြင်းများကို တိကျ မှန်ကန်မှုရှိစေရန် စနစ်တကျ၊ပူးပေါင်းဆောင်ရွက်ခဲ့သည်။

ထိုသို့မဲဆန္ဒရှင်လူဦးရေစာရင်းများအား တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်နေမှုများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသီဟဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှုး ဦးဝင်းမြတ်၊  သက်ဆိုင်ရာတာဝန်ရှိသူများမှ ကြည့်ရှုအားပေးခဲ့ကာ မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေးအတွက် လိုအပ်သည်များကို  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

မောင်လွင်(စလင်း)