ကံမမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းများ ပြည်စုံမှန်ကန်စေရေး စစ်ဆေးဆောင်ရွက်

ကံမ နိုဝင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းများ ပြည်စုံမှန်ကန်စေရေး စစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်ခန်းမ၌ နိုဝင်ဘာ (၉) ရက်နှင့် နိုဝင်ဘာ (၁၀) ရက်နေ့  (၂) ရက်ကြာ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာခြင်းမပြုမီ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများက ပူးပေါင်းစစ်ဆေးဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဒေါ်ဇူပန်မိုထံက သိရသည်။

ကျော်ဇေယျဝင်း(ကံမ)