ကော့သောင်းမြို့တွင် မဲစာရင်းများပြည့်စုံမှန်ကန်ရေး၊ မဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲစာရင်း‌တွင် ပါဝင်နိုင်ရေး ပေါင်းစပ်ဆောင်ရွက်

ကော့သောင်း နိုဝင်ဘာ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်တိုက်နယ်မှူးများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲအရာရှိ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများကမဲစာရင်းများ ပြည့်စုံမှန်ကန်ရေး၊ မဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲစာရင်း‌တွင် ပါဝင်နိုင်ရေး ပေါင်းစပ်ဆောင်ရွက်ခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းတွင် ကော့သောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီအစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

ကော့သောင်းမြို့နယ်အနေဖြင့် ပထမအကြိမ် ကြေညာပြီးစီးခဲ့သည့် မဲဆန္ဒရှင်စာရင်းအား နောက်ဆုံးအကြိမ် ကြေညာဆောင်ရွက်ရာတွင် ပါဝင်သင့်ပါဝင်ထိုက်သည့် အသက် (၁၈) နှစ်နှင့်အထက် မဲဆန္ဒရှင်လူဦးရေစာရင်းများပါဝင်နိုင်ရေး၊ မပါဝင်သင့်သူများအား မဲဆန္ဒရှင်စာရင်းမှ ပယ်ဖျက်နိုင်ရေးအတွက်  မဲစာရင်းတိုက်ဆိုင်စိစစ်ခြင်းနှင့် စစ်ဆေးချက်များအပေါ် လိုအပ်ပါက ကွင်းဆင်းစစ်ဆေးနိုင်ရေး၊ OSS ဖြင့် ထပ်မံဆောင်ရွက်‌ပေးခြင်းများ ဆောင်ရွက်နိုင်ရေးနှင့် ပြည်သူများသိရှိပြီး ပြည်သူများ ပူးပေါင်းပါဝင်နိုင်ရေး လှည့်လည်နှိုးဆော်နိုင်ရေး၊‌ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကော်မတီမှ တာဝန်ရှိသူများနှင့်အတူ ဆွေးနွေးညှိနှိုင်း၍ အချောသတ်ပြီးစီးပါက မှန်ကန်တိကျသောမဲစာရင်းဖြစ်ရေး ပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)