တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ (၁၀/၂၀၂၅) ကြိမ်မြောက်နှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၁၀/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ထားဝယ် နိုဝင်ဘာ ၁၁

တနင်္သာရီတိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ (၁၀/၂၀၂၅) ကြိမ်မြောက်နှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၁၀/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင်တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီနှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများလျှောက်ထားသူများတွင် အမှန်တကယ် လုပ်ကိုင်ဆောင်ရွက်နေသူများကို အသုံးပြုနိုင်ရန်အတွက် လုပ်ကိုင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အတူ ပေးထားသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများတွင်လည်း လုပ်ကိုင်ဆောင်ရွက်မှုများမရှိပါက သေချာစွာ စိစစ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ မြေယာနှင့်ပတ်သက်၍ လုပ်ကိုင်ဆောင်ရွက်ပေးသည့်နေရာတွင် အမှန်တကယ်လုပ်ကိုင်ဆောင်ရွက်နေသူများထံ ရောက်ရှိပါက ဒေသဖွံ့ဖြိုးတိုးတက်မှုများရှိကြောင်း၊ မြေယာများကို ရသင့်ရထိုက်သူများ လက်ဝယ်ရရှိအောင် ဆောင်ရွက်ပေးရန်လိုအပ်ပြီး လွဲမှားစွာ အသုံးပြုနေသူများရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများက စိစစ်ကြပ်မတ်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ တက်ရောက်လာကြသူများက လယ်ယာမြေနှင့်ပတ်သက်၍ လုပ်ငန်းတစ်ရပ်အနေဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးမြေစာရင်းအင်းဦးစီးဌာနညွှန်ကြားရေးမှူးက ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ကော်မတီအဖွဲ့ဝင်များက ဖြည့်စွက်ရှင်းလင်းဆွေးနွေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)