ပျော်ဘွယ် နိုဝင်ဘာ ၁၁
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာမူလတန်းကျောင်း (မြို့မ) တို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကျင်းပခြင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြို့နယ်အဆင့်ပြိုင်ပွဲများ၌ ပါဝင်ယှဉ်ပြိုင်နိုင်ရန်ရည်ရွယ်၍ မူလတန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို နိုဝင်ဘာလ(၁၀)ရက်၊ နံနက် (၉) နာရီက အဆိုပါကျောင်းတွင် ကျင်းပသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်မေစောမွန်က စာဖတ်ခြင်း၏အကျိုးကျေးဇူးအကြောင်း ဟောပြောပြီး ကျောင်းသား၊ ကျောင်းသူတွေအနေဖြင့် ကျောင်းတွင်းပြိုင်ပွဲမှာသာမက မြို့နယ်အဆင့်ပြိုင်ပွဲများ၌ ပါဝင်ယှဉ်ပြိုင်နိုင်သည့်အလေ့အကျင့်ရရှိရန် ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ကာ ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)