ပေါင်းတည်၌ ဆောင်းသီးနှံ ပဲမျိုးစုံ ၆၈၉၆၃ ဧက  လျာထားစိုက်ပျိုးလျက်ရှိ

ပေါင်းတည် နိုဝင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ စပါးနှင့်ပဲမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ယခုနှစ် ဆောင်းသီးနှံ ပဲမျိုးစုံကို တောင်သူများသည် မိုးစပါးများရိတ်သိမ်းအပြီးတွင် သီးထပ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ယခုနှစ်တွင် တောင်သူများ အဓိက အားထားစိုက်ပျိုးလျက်ရှိသည့် မတ်ပဲအပါအဝင် ပဲမျိုးစုံ ၆၈၉၆၃ ဧက လျာထားစိုက်ပျိုးကြမည်ဖြစ်ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရှိရသည်။

အဆိုပါ ပဲမျိုးစုံ၌ မတ်ပဲ ၄၂၀၇၉ ဧက၊ ပဲတီစိမ်း၉၇၃၂ဧက၊မြေပဲ ၇၂၀၂ဧက၊ ကုလားပဲ၃၇၆၆ ဧက၊ ပဲနောက် ၁၇၅၃ ဧက၊ ဘိုကိတ်ပဲ ၁၅၄၆ ဧကနှင့် ပဲကြီး၂၈၈၅ ဧက၊စုစုပေါင်း ပဲမျိုးစုံ ၆၈၉၆၃ ဧကတို့ကို ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးနှင့်ပြည်တွင်း ပြည်ပ ဈေးကွက်များသို့ ဖြန့်ချိရောင်းချနိုင်‌ရေးနှင့် ဖြစ်ထွန်းအောင်မြင်ရေးတို့အတွက် တောင်သူများသည်မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့၏ ပံ့ပိုးကူညီမှုများရယူကာ ပူးပေါင်းကြိုးပမ်းလျက်ရှိကြောင်းသိရသည်။

ထိုသို့ ပဲမျိုးစိုက်ပျိုးမှု လျာထားချက်ပြည့်မီကျော်လွန်အောင် စိုက်ပျိုးလျက်ရှိရာ၌ မတ်ပဲ ၉၉၄ဧက၊ပဲတီစိမ်း ၃၉၉၂ ဧက၊မြေပဲ ၇၂၀၂ ဧက၊ ပဲနောက် ၅၈၉ ဧက၊ဘိုကိတ်ပဲ ၃၆၅ ဧကနှင့် ပဲကြီး ၉၃၅ ဧက၊စုစုပေါင်း ၁၂၆၇၂ ဧက စိုက်ပျိုးပြီးစီးကြောင်းသိရသည်။

ရွှေသား(IPRD)