ဘားအံ နိုဝင်ဘာ ၁၁
၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိ ပြည်သူများ မဲပေးနိုင်ရေး၊ မဲစာရင်းပြည့်စုံမှန်ကန်စေရေးအတွက် ပြန်လည်စိစစ် စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁ဝ နာရီက ဘားအံမြို့၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ မဲဆန္ဒရှင်စာရင်းများ ပြန်လည်စိစစ်ဆောင်ရွက်ရာတွင် ဘားအံမြို့နယ်အတွင်းရှိ တိုက်နယ် ၉ ခု မှ မဲဆန္ဒရှင် ပြည်သူများ၏မဲစာရင်းများမှန်ကန်စေရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး၊ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ ပါဝင်သော စိစစ်ရေးအဖွဲ့တို့မှ မဲစာရင်းပြည့်စုံမှန်ကန်စေရေး၊ မဲဆန္ဒရှင်စာရင်းများ ကျန်ရှိမှု မရှိ စေရေးအတွက် ပေါင်းစပ်ညှိနှိုင်း၍ စိစစ်ဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)