ရွှေတောင် နိုဝင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ရွှေတောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ပြည်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ရွှေတောင်မြို့နယ်တွင် မှတ်ပုံတင်ထားရှိသော နိုင်ငံရေးပါတီများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်ခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကြည်မြက အဖွင့်အမှာစကားပြောကြားပြီး ပြည်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်ဌေးမှ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ စည်းမျဥ်းဥပဒေများနှင့် ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်က ရွှေတောင်မြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်သဲစုခိုင်စိုးမှ မဲစာရင်းပြုစုထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်ပြီး ဒေါ်သဲစုခိုင်စိုးမှ မဲစာရင်းပြုစုထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တက်ရောက်လာသော မှတ်ပုံတင်ထားရှိသည့် နိုင်ငံရေးပါတီများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)