သံတောင်ကြီးဒေသထွက် နနွင်းများစိုက်ပျိုးအောင်မြင်ဖြစ်ထွန်း

သံတောင်ကြီး နိုဝင်ဘာ ၁၀

ကရင်ပြည်နယ် ၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံပြည်သူများအနေဖြင့် ဥယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ပင်သီးနှံများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ နှစ်တိုသီးနှံပင်ဖြစ်သည့် နနွင်းကိုလည်းအသက်မွေးဝမ်းကြောင်းမှုအဖြင့်အဓိကစိုက်ပျိုးလုပ်ကိုင် ခဲ့ကြသည်။ သံတောင်ကြီးဒေသထွက် နနွင်းများဈေး ကောင်းရရှိခြင်းကြောင့် ယခုနှစ်တွင် ပိုမိုတိုးချဲ့စိုက်ပျိုးလုပ်ကိုင်လာပြီး နနွင်းပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

နနွင်းမျိုးစေ့များကို မေလနှင့် ဇွန်လတွင် စိုက်ပျိုးကာစိုက်ပျိုးပြီး တစ်နှစ်အတွင်းတွင်တူးဖော်ရောင်းချနိုင်သည့် နှစ်တိုအပင်တစ်မျိုးဖြစ်ပြီး အခြားသော  သီးနှံများထက်ပိုမိုလွယ်ကူမြန်ဆန်စွာ လုပ်ကိုင်နိုင်သော ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ကာ ဒေသခံပြည်သူများမှာ ယခင်နှစ်များထက် ပိုမိုစိုက်ပျိုးလုပ်ကိုင်လာသည်။ နနွင်းများအထွက်ကောင်းစေရန်အတွက် တစ်နှစ်အတွင်း ပေါင်းနှစ်ခါ သုံးခါအထိရှင်းပေးရန်လိုအပ်ပြီး  ရှင်းပြီး ပေါက်ဆွေး၊  မြက်ဆွေးများကို သဘာဝမြေဩဇာအဖြစ်အသုံးပြုလျက်ရှိသည်။ ယခင်နှစ်များတွင် သံတောင်ကြီးဒေသထွက် နနွင်းတစ်ပိဿာကို ကျပ် (၁၉၀၀၀)မှကျပ် (၂၀၀၀၀)အထိ ရရှိပြီးယခုနှစ်တွင်လည်း  ဈေးကောင်းရရန်မျှော်လင့်ကြောင်း နနွင်းစိုက်ပျိုးလုပ်ကိုင်သော ဒေသခံဦးစောကညောထံက သိရသည်။

နော်နော်မူ